ရိုးသားမှုရှိမှလည်း ဘ၀ရှိတယ်လို့ ဆိုနိုင်တယ်။ လိမ်ညာမှုတွေ လှည့်စားမှုတွေနဲ့ နေသွားနေတဲ့သူမှာ စစ်မှန်တဲ့ဘ၀ မရှိဘူး။ ဘ၀အတု၊ ဆက်ဆံရေးအတုတွေပဲရှိတယ်။ ဘ၀အစစ် မရှိတဲ့အတွက် ဘ၀သေနေသူလို့ ဆိုနိုင်တယ်။ ဒါကြောင့် ရိုးသားမှု မရှိတဲ့ သူဟာလည်း ဘ၀သေနေတဲ့သူ ဖြစ်တယ်။
Without honesty there is no real growth.
ရိုးသားမှု မရှိရင် စစ်မှန်တဲ့ စိတ်ဓာတ်နဲ့ အသိဉာဏ် ဖွံ့ဖြိုးမှုမရှိဘူး။
Without honesty there is no real life.
ရိုးသားမှု မရှိရင် စစ်မှန်တဲ့ဘ၀ မရှိဘူး။
Without honesty there is no real freedom.
ရိုးသားမှု မရှိရင် စစ်မှန်တဲ့ လွတ်လပ်မှု မရှိဘူး။
Without honesty nothing is real.
ရိုးသားမှု မရှိရင် ဘယ်ဟာမှ အစစ်အမှန် မဟုတ်ဘူး။
Without honesty nothing is.
ရိုးသားမှု မရှိရင် ဘာမှကို မရှိတော့ဘူး။
လို့စာအုပ်တစ်အုပ်မှာ ဖတ်ဖူးပါတယ်။ ဒါကြောင့် ရိုးသားမှု မရှိတဲ့သူဟာ အသက်ရှင်လျက် ဘ၀သေနေတဲ့သူပဲ ဖြစ်တယ်။
လိမ်လည်မှု လှည့်စားမှုတွေဟာ အကျဉ်းထောင်နဲ့ တူတယ်နော်။ ကိုယ့်ရဲ့ လှည့်စားမှုတွေက ကိုယ့်ကို ထောင်ချထားတယ်။ အဲဒီထောင်ထဲမှာ ကြာကြာနေလေ ကိုယ့်စိတ်နဲ့က ကျန်းမာရေးဟာ ဆုတ်ယုတ်သွားလေပဲ။ မြန်မြန်လွတ်အောင် လုပ်ရင်လုပ် မလုပ်ရင်တော့ ကြာရင် ဘ၀သေသွားမယ်။
တချို့လူတွေဟာ ဘ၀သေနေတဲ့ဒုက္ခကို ခံစားနေရတယ်။ အဲဒီဒုက္ခမျိုးကို အင်္ဂလိပ်လိုတော့ “The Suffering of deadness” လို့ ခေါ်တယ်။ လိမ်လည် လှည့်စားမှုတွေနဲ့ နေတဲ့သူတွေဟာ အသက်ရူမ၀တဲ့ရောဂါ ဖြစ်တယ်။ ဟန်ဆောင်မှု အင်မတန်ကြီးမားတဲ့ ဒုက္ခကို ဖြစ်စေတယ်။ မဟုတ်တာကို အဟုတ်ထင်အောင် လုပ်ပြရတာ နေပြရတာ၊ အထင်သေးမှာ ကြောက်လို့ အထင်ကြီးအောင် ပြောနေရတာ၊၊ မလုပ်သင့်တာတွေကို လုပ်ပြီး လူမသိအောင် ဖုံးရတာ အင်မတန် ဒုက္ခကြီးလှပါတယ်။ လိမ်လည်မှုဟာ စိတ်ပင်ပန်းမှု စိတ်ဖိစီးမှုကို ဖြစ်စေတယ်။
ဒါကြောင့် ရိုးသားတဲ့သူဟာ အင်မတန် လွတ်လပ်နေတယ်။ မှန်တာကို ပြောတတ်တဲ့သူဟာ အလွတ်လပ်ဆုံးလူဖြစ်တယ်။ တစ်နည်းပြောရမယ်ဆိုရင်တော့ အသက်အ၀င်ဆုံး လူပေါ့နော်။ အသက်ဝင်ဆုံးလူတွေနေထိုင်နေကြတဲ့ အသက်ဝင်နေတဲ့ ကမ္ဘာကြီးများဖြစ်လိုက်ရင် ဘယ်လောက်တောင် ကောင်းမလဲနော်။
0 comments:
Post a Comment