ဇွဲကပင်မြေ
သာယာရွှင်မော၊ ဒေါနတောင်နှင့်
စိမ်းလန်းစိုပြေ၊ ကရင်ပြည်။
ပန်းပေါင်းစုံသင်း၊ ဝေသောနှင်းနှင့်
အဆင်းလှပေ၊ ဇွဲကပင်မြေ။
သံလွင်ဧရာ၊ စီးရစ်ဖြာ၍
သာယာပေသည်၊ ကရင်ပြည်။
ရွှေရောင်ငွေရောင်၊ စေတီရောင်ဖြင့်
အမှောင်ကင်းပေ၊ ဇွဲကပင်မြေ။
စပါးရွှေဝါ၊ ရတနာနှင့်
ဝေဆာပေသည်၊ ကရင်ပြည်။
သာယာဝေစည်၊ တို့ရွှေပြည်၌
ချစ်ကြည်ပေါင်းစု၊ စွမ်းတောင်မှုသည်
မြေထုမက၊ ခိုင်မြဲစွတည်း။
တောင်ပေါ်မြေပြန့်၊ သင်းထုံပျံ့ ၍
ရံနံ့သင်းသင်း၊ မေတ္တာနှင်းသည်
သားချင်းနောင်ညီ၊ ရှေ့သို့ချီ။
ဓလေ့ရိုးရာ၊ မွေ့လျော်ကာနှင့်
ကရင့်ဂုဏ်မြင့်၊ မျိုးဂုဏ်တင့်သည်
ရဲရင့်ပေသည်၊ တို့နောင်ညီ။
တို့ကရင်ပြည်၊ အလှဝေအောင်
တို့တွေကြိုးပမ်း၊ ၀ိုင်းဝန်းထမ်းစို့ ။
1 comments:
တန်ဖိုးရှိတဲ့ ကဗျာလေးပါ။ ကြိုက်တယ်။
ဆက်ရေးပါ။
Post a Comment