ဇွဲကပင် ဘုရားဖူး
လတပေါင်းရဲ့ တောပန်းချီ
ရှု့ကြည့်မ၀ပြီး။
လေပြည်လာလို့ ကြူကြူမွှေး
တောပန်းစုံတယ်လေး။
ငြိမ့်ငြိမ့် အေးအေး စီရင်ခွေ
မြစ်မင်းသံလွင်ရေ။
ကန္တနွေဦး လှပုံထူး
ဇွဲကပင်ရဲ့ တောင်တော်ဦး။
ရွှင်ပျော်မြူးတဲ့ သွေးချင်းတွေ
ကြည်နူးချမ်းမြေ့နေ။
မြတ်စိန္တေထံ ဆုပန်ကြ
သားချင်းတို့ရဲ ဂါရ၀။
အလှူဒါန အစုံစုံ
ဓလေ့ရိုးရာဂုဏ်။
ဗုံသံ၊ မောင်းသံ ညံမစဲ
စည်ကားခြိမ့်ခြိမ့်သဲ။
ဇွဲကပင်ဘုရားပွဲ နွှဲလို့နော်
မခွဲတူတူပျော်။
မူးနော် ဖိုးခွား စုံညီလှ
ရင်တွင်းချမ်းအေးမြ
တို့ဇွဲကပင်မြေရဲ့အလှ......
(ကျနော့်မေးလ်ထဲမှ ပေးပို့လာသော (နန်း) အားကျေးဇူးတင်ပါတယ်)
0 comments:
Post a Comment