မျိုးဆက်သစ်သို့မှာတမ်း

မျိုးဆက်သစ်သို့မှာတမ်း

နှစ်ထောင့်ခုနှစ်ရာငါးဆယ်
ရောက်ရှိပေါ့ဒီချိန်ခါ
ထောက်ရှုကာမျှော်လို့တွေး
ဝမ်းနည်းဝမ်းသာ။

တစ်နှစ်မှတစ်ခါ
ပြန်ဆုံကြဒီပွဲ
ညီရင်းကိုမောင်နှမတွေနှင့်
အတူတူပျှော်ရွှင်နွဲ
ပွဲတော်ရက်ပဲ။

မနှစ်ကသူမလာ
ဒီနှစ်မှာရှာမတွေ့
ဘယ်လိုပုံဘယ်လိုကြောင့်
ရက်မြတ်မှာသူမလာလေသလဲ
တွေးမိပါပေ့။

ကြားရချက်က မသက်သာ
ရင်ထဲမှာ နာပါရဲ့
မျိုးမတူ သူတစ်ဦးရယ်နှင့်မှ
ယူရက်ပေ သူ့ဖူးစာ
ပျောက်ပါပေါ့ လူမျိုး

မျိုးဆက်တွေ ကပ်ပြားဖြစ်အောင်
သူ့လုပ်ရပ်ဆိုး။

တို့ဘိုးစဉ် ဘောင်ဆက်က
ထိန်းသိမ်းခဲ့ အစဉ်အလာ
နှစ်(၂၀၀၀) ကျော်ခဲ့ပြီပဲ
သတိမူကြပါ
မျိုးမတူ သူတွေနှင့်မှ
ယူကြတာ ဂုဏ်ယူစရာလား။

တံလျှပ်ကို ရေထင်
ရွှေသမင် အလိုက်မမှားစေနှင့်
မြေမျိုလို့ လူမျိုးမပျောက်ပါဘူး
လူမျိုမှ လူမျိုးပျောက်မယ်ကွဲ့
(မှာချင်တယ်) မျိုးဆက်သစ်များ။

(အှ်ဍေသ္တာ်....ဟှင်းခေါဟ်အင်းယူၟ ဆိုဒ်လ်ုလုက်၊ မီႝၟအင္းယူၟ ဆိုဒ္လုက္ထုက္)

0 comments: