နှစ်သစ်အမှာစကား

474167l68h9nknqq.gif

သလေးထိုင်ခုတ်ဖိုး၊ ပြာသိုလဆန်း (၁) ရက်နေ့သည် ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ တောင်ပေါ်မြေပြန့်တွင် မှီတင်းနေထိုင်ကြသော ကရင်တစ်မျိုးသားလုံး၏ နှစ်သစ်မင်္ဂလာနေ့ရက်၊ နှစ်သစ်ကူးနေ့ဖြစ်ပါသည်။

ထိုနှစ်သစ်ကူးနေ့သည် ကရင်မိဘဘိုးဘွားတို့ထားရစ်ခဲ့သည့် တစ်ခုတည်းသော အမွေအနှစ်ဖြစ်ပြီး ကရင်အမျိုးသားအားလုံး၏ စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်ပေးခဲ့သော သမိုင်းဝင်နေ့ထူးနေ့မြတ်လည်း ဖြစ်ပါသည်။

ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကရင်အမျိုးသားများသည် နှစ်ပေါင်းများစွာကပင် အမြတ်တနိုး တန်ဖိုးထား၍ ကျင်းပလာခဲ့ကြပါသည်။

ဤနှစ်သစ်မင်္ဂလာနေ့မြတ်ကြီးကို ဘိုးဘွားကရင်အမျိုးသားများသည် ခေတ်ကာလအမျိုးမျိုး ဖြတ်သန်းကျော်လွှား၍ အမြတ်တနိုးဖြင့် စဉ်ဆက်မပြတ် ဆက်ခံထိန်းသိမ်းခဲ့သည့်နည်းတူ ကျွန်ုပ်တို့နောင်လာနောက်သားများကလည်း သမိုင်းပေးတာဝန်အဖြစ် လက်ဆင့်ကမ်းသယ်ဆောင်၍ ဆက်လက်ထိန်းသိမ်းသွားကြရမည်ဖြစ်ပါသည်။

၎င်းတာဝန်သည် ကရင်တစ်မျိုးသားလုံး၏ ရှောင်လွဲ၍မရနိုင်သော တာဝန်ကြီးပင်ဖြစ်ပါသည်။ ကရင်အမျိုးသားအားလုံး၏ နှစ်သစ်အခါသမယတွင် ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေဟု ဆုတောင်းပတ္ထနာပြုလျက်..........

0 comments: