စကား စကား ပြောပါများ
အပြစ်တင်တဲ့စကား ... ပြောပါများ
အငြိုးအတေးထား ....................။
ချီးကျူးတဲ့စကား ... ပြောပါများ
နားလည်မှုတိုးပွား ....................။
ရိသဲ့သဲ့ ခနဲ့စကား ... ပြောပါများ
အထင်သေးရန်ပွား ...................။
အရေးပေးတဲ့စကား ... ပြောပါများ
ဆက်ဆံရေး တစ်လေးတစ်စား ........။
ငြင်းဆန်မှုစကား ... ပြောပါများ
ရင်နှီးမှုကပျက်ပြား .................
အလေးထားတဲ့စကား ... ပြောပါများ
လူနဲ့လူကြား ခင်မင်မှုတိုးပွား ...........။
အမိန့်ပေးစကား ... ပြောပါများ
မတတ်သာ လက်လံငြား
ကျေနပ်မှု မရှိပါလား ..................။
ညှိနှိုင်းတိုင်ပင်တဲ့စကား ... ပြောပါများ
အုပ်ချုပ်နေလင့်ကစား
ပြောစကားအလေးထား ...................။
ဝေဖန်ကဲ့ရဲ့စကား .... ပြောပါများ
တိုးတက်မှုတွေ နှောင့်နှေးသွား ...........။
အားပေးလမ်းပြစကား ... ပြောပါများ
စွမ်းရည်တိုးပွား .............................
လုပ်ကိုင်ရည် မြင့်တက်သွား .............။
လိမ်ညာဖုံးကွယ်စကား ... ပြောပါများ
တစ်ဦးနဲ့တစ်ဦးကြား ........................
ယုံကြည်မှု မရှိတော့ပါလား ..........။
0 comments:
Post a Comment