သက်ဆိုင်သူလူလိမ်ကြီးသို့သိစေရန်

သက်ဆိုင်သူလူလိမ်ကြီးသို့သိစေရန်

ငါမသိခဲ့ဘူး....
ငါမသိလိုက်မိတဲ့ အချိန်မှာဘဲ.....
မသိစိတ်ကမင်းကိုယုံကြည်ခဲ့တယ်
နင်က ငါမသိတဲ့နောက်ကွယ်မှာ
လိမ်လည်မူတွေနဲ့
ငါ့ကို လှလှပပကြီး အယုံသွင်းနေတာ
သေစမ်း ....
ပေးဆပ်လိုက်ရတာတွေ
ယုံကြည်ခဲ့ရတာတွေ
အထင်ကြီးမှုတွေနဲ့ လေးစားခဲ့ရတဲ့
မျိုးချစ်ရှင်ရေ....
နင့်မျက်နှာဟာ အရင်ကတော့
ငါ့အတွက် အပြုံးတွေဖြစ်ခဲ့ပေမဲ့
အခုတော့ အမုန်းတွေဘဲဆိုတာ
နင်မသိသေးဘူးလား
အော် ... နင်ကခုချိန်ထိ
အွန်လိုင်းကောင်မလေးတွေနဲ့ 
ကစားလို့ကောင်းတုံးဘဲကိုး....

(မှတ်ချက်။ ။သက်ဆိုင်သူ မျိုးချစ်ရှင် ဟန်လုပ်ယောင်ဆောင်သူရေ တို့ကရင်နှစ်သစ်ကူးရောက်တော့မယ်နော်။ ရိုးသားမှုနဲ့ ဘ၀ကိုတည်ဆောက်စမ်းပါ။)

0 comments: