ပီကေလိုငါ့အချစ်

ပီကေလိုငါ့အချစ်

မင်းပေးခဲ့တဲ့
အချစ်တွေက
ငါသိပ်ကြိုက်တဲ့ပီကေလို
ဝါးကာစမှာချိုမြိန်မှုကိုပေးခဲ့ပေမဲ့

နောက်ပိုင်း မှာ
အချိုဓာတ်တွေကုန်
ပါးညောင်းတာပဲအဖတ်တင်သလို

ဇာတ်သိမ်းပိုင်းကိုသိလျက်
အမှတ်မရှိချစ်မိတဲ့
ငါ့အဖြစ်ကလည်း
ချိုမြိန်ခြင်းကိုမြည်းစမ်းကြည့်ရင်း

တစ်ချိန်မှာပီကေလို
စွန့်လွှတ်ပစ်ရမှာ
သိနေပေမဲ့

မာကျောသွားတဲ့အထိ
ထွေးမထုတ်ပစ်ရက်သေးတာ
ပိုးဖလံမျိုးမီးကိုတိုးချင်တဲ့
ငါ့ရဲ့အကြီးမားဆုံးအားနည်းချက်ပေါ့

...ဒါပေမဲ့...
မင်းသိထားဖို့ပြောချင်တယ်

ပီကေတွေကို
မျိုချဖို့အထိ တော့
ငါမိုက်ရူးရဲမဆန်သေးပါဘူး။

0 comments: