ပျိုးဥယျာဉ်


ပျိုးဥယျာဉ်

ပန်းစုံပွင့်မည့်
ဥယျာဉ်တွင်းဝယ်
ပန်းမျိုးစုံကို
မျိုးစေ့ချစိုက်ပျိုး။

ရည်ရွယ်သည်မှာ
အနာဂတ်ကာလ
ဖူးပွင့်ဝေဆာလာမည့်
ပန်းပေါင်းစုံသည်။

နေဒဏ်၊ မိုးဒဏ်
သဘာဝဘေးဒဏ်
ကြံ့ကြံ့ခံလျက်။

ဝေေ၀ဆာဆာ
ဖူးပွင့်ရှင်သန်ဖို့
အရောင်အသွေးစုံလင်သော
ပန်းစုံတောမှာ။

ကရင်မျိုးဆက်သစ်များ
ရနံ့သင်းသော
အမျိုးမှန်ဖိုးတန်ပန်းကို
ဂုဏ်ယူစွာလေ
ဆင်မြန်းကြလော။

0 comments: