အားထားပါရစေဒို့ကရင်လူငယ်တွေ


တစ်ခါသော် ငှက်ပစ်သမားတစ်ယောက်သည် သူထောင်ထားသော ကျော့ကွင်းတစ်ခုတွင် ခါတစ်ကောင်မိနေသည်ကိုတွေ့ရလေသည်။ သူသည် ထိုခါကို ကျော့ကွင်းမှထုတ်ယူပြီး သတ်ဖြတ်မည်ပြုသည်။ ထိုအခါ ခါငှက်က ''အသင်ငှက်ဖမ်းသမား အကျွန်ုပ်ကိုမသတ်ပါနှင့်။ အကျွန်ုပ်ကိုလွှတ်ပေးပါ။ အသင်၏ကျေးဇူးကိုဆပ်ပါမည်။ အကျွန်ုပ်သည် သင်၏ထောင်ချောက်တွင်းသို့ မြောက်များစွာသော ခါငှက်တို့ကို သက်ဆင်းအောင်သွေးဆောင်ပါမည်။'' ဟုတောင်းပန်ပြောဆိုလေ၏။ ထိုစကားကိုကြားလျှင် ငှက်ပစ်သမားက ''အကျွန်ုပ်သည် သင့်အားမလွှတ်ပေးနိုင်ပါ။ ယခုပင်သတ်ရပါလိမ့်မည်။ သင်၏အမျိုးပေါ် သစ္စာဖောက်သောစကားသည် သင်၏ကြမ္မာဆိုးကို ဖန်တီးလေပြီ။'' ဟုပြန်လည်ပြောလိုက်လေသည်။

0 comments: