သံလွင်မြစ်ရဲ့ရင်ခွင်
ရင်ခွင်ထဲမှာ
အရိပ်ကလေးတွေက တစ်လှုပ်လှုပ်
သဘာဝကပေးတဲ့ တာဝန်ကလည်း
အဆက်မပြတ်
ဖြတ်သန်းသွားသမျှ
အရိပ်ကလေးတွေကို
အရင်းခံတည်ငြိမ်သော မျက်ဝန်းတစ်စုံနဲ့
ကြည့်နေလေရဲ့။
အမုန်းတရားမရှိ
ဂုဏ်ပကာသနမမက်
မာနမဖက်
ဦးတည်ရာကိုသာရွေ့နေတဲ့
မြစ်မင်းသံလွင်။
ပြီးဆုံးခြင်းမရှိတဲ့ သူ့ခရီးမှာ
ထာဝရအဖော်ဆိုတာလဲ
မရှိခဲ့ပါဘူး။
ရှေ့ဆက်နေတဲ့သူ့ရဲ့ခရီး
ဘယ်သူကတားဆီးနိုင်ပါ့
တံတိုင်းတွေပဲတားတား
နံရံတွေပဲခြားခြား
ပင်လယ်ရေမကုန်ခမ်းသရွေ့။
မှောင်နေတဲ့သန်းခေါင်မှာလဲ
သူသွားနေတယ်
ပူပြင်းတဲ့နေမင်းအောက်မှာလဲ
ထီးမပါဘဲသူရှိနေတယ်။
မိုးကြီးလေကြီးကျလည်းသူမမှု
ကြောက်လန့်စရာကြုံလည်းသူမငို
တစ်ခါတစ်ခါ…
ဂီတသံချိုလေးနဲ့တောင်ဖျော်ဖြေလိုက်ရဲ့။
အံ့သြရလောက်အောင်
ဂုဏ်အင်ရှိတဲ့သံလွင်မြစ်လေး
ယုံကြည်ဖို့ခဲယဉ်းလောက်အောင်
နှလုံးသားရှိတဲ့သံလွင်မြစ်လေး
ဒါကိုတော့...သူ့ရင်ခွင်မှာ
ဖြတ်သန်းဖူးတဲ့အရာတိုင်းက
သိကြမှာပါ။
တစ်ခါတစ်ရံ
ရင်ခွင်ထဲကိုတိုးဝင်လာတတ်တဲ့
ဗျိုင်းဖြူလေးတွေ
တစ်ခါတစ်ရံ
ရင်ခွင်ထဲကထွက်ပြေးတတ်တဲ့
ဗေဒါလေးတွေ။
ဘာပဲဖြစ်ဖြစ်
သံလွင်မြစ်ကလေးကသိနေတယ်
တစ်နေ့မှာတော့
အရိပ်ကလေးတွေရောက်ရှိရာ ဒေသတွေမှာ
မပျော်တော့တဲ့အခါ
သံလွင်မြစ်ကလေးရဲ့ရင်ခွင်ကို ပြန်လာပြီး
အိပ်စက်နားနေကြဦးမယ်ဆိုတာပေါ့.....။
ရင်ခွင်ထဲမှာ
အရိပ်ကလေးတွေက တစ်လှုပ်လှုပ်
သဘာဝကပေးတဲ့ တာဝန်ကလည်း
အဆက်မပြတ်
ဖြတ်သန်းသွားသမျှ
အရိပ်ကလေးတွေကို
အရင်းခံတည်ငြိမ်သော မျက်ဝန်းတစ်စုံနဲ့
ကြည့်နေလေရဲ့။
အမုန်းတရားမရှိ
ဂုဏ်ပကာသနမမက်
မာနမဖက်
ဦးတည်ရာကိုသာရွေ့နေတဲ့
မြစ်မင်းသံလွင်။
ပြီးဆုံးခြင်းမရှိတဲ့ သူ့ခရီးမှာ
ထာဝရအဖော်ဆိုတာလဲ
မရှိခဲ့ပါဘူး။
ရှေ့ဆက်နေတဲ့သူ့ရဲ့ခရီး
ဘယ်သူကတားဆီးနိုင်ပါ့
တံတိုင်းတွေပဲတားတား
နံရံတွေပဲခြားခြား
ပင်လယ်ရေမကုန်ခမ်းသရွေ့။
မှောင်နေတဲ့သန်းခေါင်မှာလဲ
သူသွားနေတယ်
ပူပြင်းတဲ့နေမင်းအောက်မှာလဲ
ထီးမပါဘဲသူရှိနေတယ်။
မိုးကြီးလေကြီးကျလည်းသူမမှု
ကြောက်လန့်စရာကြုံလည်းသူမငို
တစ်ခါတစ်ခါ…
ဂီတသံချိုလေးနဲ့တောင်ဖျော်ဖြေလိုက်ရဲ့။
အံ့သြရလောက်အောင်
ဂုဏ်အင်ရှိတဲ့သံလွင်မြစ်လေး
ယုံကြည်ဖို့ခဲယဉ်းလောက်အောင်
နှလုံးသားရှိတဲ့သံလွင်မြစ်လေး
ဒါကိုတော့...သူ့ရင်ခွင်မှာ
ဖြတ်သန်းဖူးတဲ့အရာတိုင်းက
သိကြမှာပါ။
တစ်ခါတစ်ရံ
ရင်ခွင်ထဲကိုတိုးဝင်လာတတ်တဲ့
ဗျိုင်းဖြူလေးတွေ
တစ်ခါတစ်ရံ
ရင်ခွင်ထဲကထွက်ပြေးတတ်တဲ့
ဗေဒါလေးတွေ။
ဘာပဲဖြစ်ဖြစ်
သံလွင်မြစ်ကလေးကသိနေတယ်
တစ်နေ့မှာတော့
အရိပ်ကလေးတွေရောက်ရှိရာ ဒေသတွေမှာ
မပျော်တော့တဲ့အခါ
သံလွင်မြစ်ကလေးရဲ့ရင်ခွင်ကို ပြန်လာပြီး
အိပ်စက်နားနေကြဦးမယ်ဆိုတာပေါ့.....။
0 comments:
Post a Comment