တိမ်တိုက်များကြား
တိုးကာထွက်လို့
ဒေါနတောင်တန်း
မျက်စိတဆုံး ရှုမဆုံးအောင်
အေးအေးချမ်းချမ်း
တိုးကာထွက်လို့
ဒေါနတောင်တန်း
မျက်စိတဆုံး ရှုမဆုံးအောင်
အေးအေးချမ်းချမ်း
မြူခိုးဝေေ၀
ဖုံးကာနေသည်
အေးလှချည်တကား။

တောအုပ်များတွင်
အေးအေးမြမြ
စိမ့်စိမ်းမြောင်ကြား
ကြည်ကြည်လွင်လွင်
စမ်းချောင်းလေးက
ဝေ့ကာဝိုက်ကာ
စီးလို့နေသည်
ချွင်ချွင်လွင်လွင်
ရေစီးသံက
အေးအေးငြိမ့်ငြိမ့်
တောတောင်သံကား
သာယာလှချည်တကား။

လှပစွာသော
ဒေါနတောင်စွယ်
စမ်းချောင်းဘေးဝယ်
မြူခိုးဝေကြား
ထိုင်ကာနားလို့
အေးမြချမ်းကြည်
စိတ်လန်းရွှင်လို့
အိပ်ပျော်သွားသည်
လောကနိဗ္ဗာန်ပါလား။
0 comments:
Post a Comment