Dr. SAN C. PO, C.B.E.
1st and only Karen member Legislative Council before
Reforms Scheme
ဝံသာနုအဖွင့်
1st and only Karen member Legislative Council before
Reforms Scheme
ဝံသာနုအဖွင့်
လူမျိုးတစ်မျိုး
တိုးတက်ဖို့ဆိုရာမှာ
သညာသာအဓိက
ဆင်ခြင်မှုလည်းလိုသေးသပ။
နည်းပညာတွေတတ်ကျွှမ်း
ရွှေငွေလမ်းတွေဖွင့်
ဓနတွေမြင့်
ဘ၀တွေတင့်ရမယ်။
အမြင်ကျဉ်းမြောင်း
ဟောင်းနွမ်းတဲ့အတွေးအခေါ်
စည်းလုံးမှုပေါ်အခြေမခံ
ဘယ် တစ်ယူသန်ဝါဒမှ
မတိုးတက်စေဘူး။
ရိုးလွန်းတော့ ''အ''
''အ'' လွန်းတော့နွံနစ်
ကျွန်ဖြစ်တတ်တယ်နော်။
မျိုးဖျက်ညွန့်တုံး
လူမျိုးမပြုန်းအောင်
ကြံဆောင်ခြင်းမခံ
တွန်းလှန်ရဲတဲ့သတ္တိ
လူမျိုးတိုင်းရဲ့သမိုင်းမှာရှိ။
တာဝန်ရဲ့သီအိုရီ
ပတ်ဝန်းကျင်နဲ့လျော်ညီစွာ
ညှိမနေထိုင်နိုင်ဘူးဆိုရင်
လူမျိုးကြီးတွေလည်း
ဒိုင်နိုဆောတွေလိုပါပဲ။
ဝံသာနုရက္ခိတ,တရား
မစွဲကိုင်ထားသရွေ့
လက်တွေ့ဘဝ
ဂျစ်ပစီတွေလို
ဖြစ်နေကြရဦးမှာပဲ။
မှတ်ချက်။ ။ မှတ်သားမိသော ၀ံသာနုရက္ခိတတရား
ဝံသာနုရက္ခိတ တရားမှာ မိမိအမျိုးအနွယ်၊ မိမိတိုင်းပြည်ကို အစဉ်စောင့်ရှောက်ခြင်းပင်ဖြစ်သည်ဟု မှတ်သားမိပါတယ်။ နိုင်ငံတစ်ခုအတွင်း မွေးဖွားရှင်သန် နေထိုင်သော နိုင်ငံသားတိုင်း ယင်းနိုင်ငံ၏ လူမျိုးတိုင်းသည် အမိနိုင်ငံကို ချစ်မြတ်နိုးသကဲ့သို့ သစ္စာလည်းရှိရပေသည်။ တစ်မြေတည်းတွင် အတူ မွေးဖွားရှင်သန်ပြီး အေးအတူပူအမျှ ယှဉ်တွဲနေထိုင်သော နိုင်ငံသားများသည် မေတ္တာ၊ စေတနာကောင်း ဆန္ဒမှန်တို့ရှိနေရန် လိုအပ်လှပေသည်။ မိမိတို့၏ အမိမြေကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ထောင်ထားသော နိုင်ငံသားတိုင်းရှိ ပြည်ထောင်စုသားတိုင်း၏ အမိမြေကို ချစ်သော စိတ်ဓာတ်သည် ပြည်ထောင်စု စိတ်ဓာတ်ဖြစ်ကြောင်း၊ ဒီစိတ်ဓာတ်များသည် မိမိနိုင်ငံအတွက် အရည်အသွေး အခြေခံ ပင်မ အင်အားများပင်ဖြစ်ကြောင်း မှတ်သားမိပါတော့သည်။
0 comments:
Post a Comment