မြစ်နဲ့ဘဝ
ဘ၀ဆိုတာ
ပြောင်းပြန်မစီးတဲ့
မြစ်တစ်စင်းလိုပါပဲ။
ပင်လယ်သမုဒ္ဒရာထဲကို
မြစ်ကစီးဆင်းနေရသလို
အနာဂတ်ဆီကိုသာဦးတည်ပြီး
ဘ၀ဟာလည်းလှုပ်ရှားနေရတယ်။
မြစ်ရဲ့ကြန်အင်လက္ခဏာဟာရေ
ဘ၀ဟာလူသားတွေရဲ့ကံစီမံရာ။
စီးနေတဲ့မြစ်ရဲ့ခရီးဟာ
အန္တရာယ်ရှိသလိုငြိမ်းချမ်းခြင်းလည်းရှိမယ်
ဘ၀ဟာလည်း
ရုန်းကန်လှုပ်ရှားခြင်းရှိသလို
အိပ်စက်အနားယူခြင်းလည်းရှိမယ်။
မြစ်ကတော့စီးမြဲစီးနေဆဲ
ဘ၀ကတော့သံသရာလည်နေမြဲ။
မိုးကောင်းကင်ထဲကရေခိုးရေငွေ့တွေရှိနေသရွေ့
မြစ်ရေဟာဘယ်တော့မှခမ်းခြောက်သွားခြင်းမရှိသလို
ကမ္ဘာပေါ်မှာသက်ရှိမျိုးနွယ်တွေရှိနေသရွေ့
ဘ၀ဟာလည်းဘယ်တော့မှပြီးဆုံးမသွားဘူး။
ဘ၀ဆိုတာ
ပြောင်းပြန်မစီးတဲ့
မြစ်တစ်စင်းလိုပါပဲ။
ပင်လယ်သမုဒ္ဒရာထဲကို
မြစ်ကစီးဆင်းနေရသလို
အနာဂတ်ဆီကိုသာဦးတည်ပြီး
ဘ၀ဟာလည်းလှုပ်ရှားနေရတယ်။
မြစ်ရဲ့ကြန်အင်လက္ခဏာဟာရေ
ဘ၀ဟာလူသားတွေရဲ့ကံစီမံရာ။
စီးနေတဲ့မြစ်ရဲ့ခရီးဟာ
အန္တရာယ်ရှိသလိုငြိမ်းချမ်းခြင်းလည်းရှိမယ်
ဘ၀ဟာလည်း
ရုန်းကန်လှုပ်ရှားခြင်းရှိသလို
အိပ်စက်အနားယူခြင်းလည်းရှိမယ်။
မြစ်ကတော့စီးမြဲစီးနေဆဲ
ဘ၀ကတော့သံသရာလည်နေမြဲ။
မိုးကောင်းကင်ထဲကရေခိုးရေငွေ့တွေရှိနေသရွေ့
မြစ်ရေဟာဘယ်တော့မှခမ်းခြောက်သွားခြင်းမရှိသလို
ကမ္ဘာပေါ်မှာသက်ရှိမျိုးနွယ်တွေရှိနေသရွေ့
ဘ၀ဟာလည်းဘယ်တော့မှပြီးဆုံးမသွားဘူး။
0 comments:
Post a Comment