အတွေးအခေါ်၊ အပြောအဆို၊ အပြုအမူနှင့် အဆင့်အတန်း

474167l68h9nknqq.gif
အတွေးခေါ်
အဆင့်မြင့်တွေးရင် အဆင့်မြင့်တဲ့သူဖြစ်တယ်။ အဆင့်နိမ့်တွေးရင် အဆင့်နိမ့်တယ်။ အဆင့်မြင့်ဖို့ဆိုတာ အတွေ့အကြုံ၊ ဉာဏ်ပညာရင့်ကျက်ဖို့လိုတယ်။ အဆင့်နိမ့်သူတွေထဲမှာ တချို့ကိုယ့်ကိုကိုယ် ပညာတတ်ကြီးလို့ ခံယူထားသူတွေပါတယ်။

ဒီနေရာမှာ ဘွဲ့တွေ၊ ဒီဂရီတွေနဲ့ မတိုင်းတာပါဘူး။ ရံဖန်ရံခါ ပညာမတတ် ဆင်းရဲသားစကားဟာ ပညာတတ် သူဋ္ဌေးဆိုသူတွေရဲ့ စကားထက်ကောင်းတတ်တယ်။ တွေးခေါ်တဲ့နေရာမှာ အတွေ့အကြုံ၊ ခံယူချက်၊ ယုံကြည်ချက်၊ ဉာဏ်ပညာ၊ ကိုယ်ချင်းစာစိတ်နဲ့ လူသားဆန်မှုတွေပေါ်မှာ မူတည်နေပါတယ်။

အပြောအဆို

အဆင့်မြင့်တွေးမှ အဆင့်ရှိတဲ့စကားလုံးတွေ ထွက်လာမှာပါ။ ''စကားစကားပြောပါများ စကားထဲကဇာတိပြ'' ဆိုတဲ့ ဗမာစကားပုံလေးဟာ မှန်ပါတယ်။ စကားပြောဆို၊ ဆက်ဆံကြည့်မှသာ လူတစ်ယောက်ရဲ့စိတ်၊ အဆင့်အတန်း၊ အတွေးအခေါ်တွေကို သိရမှာပါ။

အပြုအမူ
ယဉ်ကျေးတဲ့အပြုအမူနဲ့နေသူတွေဟာ အဆင့်မြင့်တွေးခေါ်တတ်သူတွေဖြစ်တယ်။ ပညာရှိမှ၊ မရှိမှ၊ ပိုက်ဆံရှိမှ၊ မရှိမှ နဲ့မဆိုင်ပါဘူး။

အဆင့်အတန်း
အဆင့်အတန်းဆိုတာ လူတွေသတ်မှတ်ထားတာပါ။ ပညာရှိမှ၊ မရှိမှ၊ ပိုက်ဆံရှိမှ၊ မရှိမှ နဲ့မဆိုင်ပါဘူး။ ကိုယ့်အဆင့်ဟာ ကိုယ့်ရဲ့အပြုမှု၊ အနေအထိုင်၊ အပြောအဆိုပေါ်မှာသာ မူတည်ပါတယ်။

(အဆင့်မြင့်တွေးပြီး၊ အဆင့်မြင့်ပြောပြီး၊ အဆင့်အတန်းမြင့်မားတဲ့ လူတယောက်ဖြစ်ပြီး လောကအကျိုး သယ်ပိုးဆောင်ရွက်နိုင်သူဖြစ်ပြီး သင့်ပတ်ဝန်းကျင်မှာ နာမည်ကောင်းလေးနဲ့ရပ်တည်နိုင်ပါစေ။)

0 comments: