နားလည်ပေးတယ်

474167l68h9nknqq.gif
နားလည်ပေးတယ်

ကံကြမ္မာကိုအားကိုးနေရင်
မင်းအတွက်အချစ်တွေ
ဗလာဖြစ်သွားမယ်ဆိုတာ
နားလည်ပါတယ်ချစ်သူ။

ဟန်ဆောင်မူ့တွေကြားမှာ
မင်းကိုအပြစ်မမြင်သလို
မင်းရဲ့ရယူလိုမှုတစ်ခုနဲ့မို့
နားလည်ပါတယ်ချစ်သူ။

ဒါပေမဲ့
မင်းရဲ့ဆင်ခြေပေးတတ်ခဲ့တာ
ငါ့ရဲ့အချစ်တွေမရမှာ
မုန်းသွားမှာကိုကြောက်လို့လား
နားလည်ပါတယ်ချစ်သူ။

နောက်ဆုံးတော့
မင်းပျော်မယ်ဆိုလိုရာကိုသွား
ဥပေက္ခာပြုထားရစ်ခဲ့လည်း
အပြုံးပန်းလေးခြွေရင်း
စိတ်နာနာနဲ့မင်းကို
နားလည်ပေးတယ်ချစ်သူ။

0 comments: