ဤပုံပြင်သည် အင်္ဂလိပ်ပုံပြင်မှ ပန်းရည်စုပ်ငှက်အကြောင်းကို ဘာသာပြန်ထားခြင်းဖြစ်ပါသည်။ လာလည်သူအားလုံးကိုလည်း ဖတ်စေချင်သောဆန္ဒဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
တစ်နေ့တွင် ရုတ်တရက် မထင်မှတ်သော သဘာဝပွတ်မီးကြောင့် တောကြီးသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော မီးတောက်မီးလျှံများဖြင့် လောင်ကျွမ်းနေပါသည်။ သားရဲတိရစ္ဆာန်များသည် တောထဲတွင်ခိုအောင်းရာမှ ကြောက်လန့်တကြား ထွက်ပြေးလာကြသည်။ တောကြီးနဲ့ အလှမ်းဝေးသော စမ်းချောင်း၏ ကမ်းနဖူးတစ်နေရာသို့ ရောက်သောအခါ တိရစ္ဆာန်တို့သည် လောင်နေသောတောကို ၀မ်းနည်းတသ ငေးကြည့်နေကြပါသည်။ ပျက်ဆီးသွားသော သူတို့ရဲ့နေရာဒေသကိုလည်း ၀မ်းနည်းပူဆွေးစွာ စိတ်မကောင်းဖြစ်နေကြတဲ့ အတောအတွင်းမှာ သေးငယ်သော ပန်းရည်စုပ်ငှက်ကလွဲပြီး ကျန်တဲ့တိရစ္ဆာန်များက လောင်နေသော တောမီးကို ဘယ်လိုလုပ်ကြမယ်ဆိုတာကိုမတွေးတတ်ကြပါ။
အဲဒီအချိန်မှာ ပန်းရည်စုပ်ငှက်ဟာ တစ်စုံတစ်ရာလုပ်ရန် ဆုံးဖြတ်ချက်ချလေသည်။ ထိုအခါ ပန်းရည်စုပ်ငှက်သည် စမ်းချောင်းဘက်သို့ပျံသန်းသွားပြီး သူ၏သေးငယ်ရှည်လျားသော နှုတ်သီးဖြင့် ရေကိုစုပ်ယူပြီး လောင်နေသောတောကို ရေစက်လေးဖြင့် မီးကိုငြိမ်းလေသည်။ ပြီးတော့ စမ်းချောင်းဘက်ကိုပျံလာပြီး စမ်းချောင်းရေကိုစုပ်လိုက် တောမီးကို ရေစက်ကလေးဖြင့်ငြိမ်းလိုက်နှင့် အခေါက်ခေါက်အခါခါ ခေါက်တုံ့ခေါက်ပြန် ပြုလုပ်နေသည်ကို အခြားသော တိရစ္ဆာန်တို့က ပန်းရည်စုပ်ငှက်၏ လုပ်ရပ်ကို မယုံကြည်နိုင်လောက်အောင် နားမလည်သောအကြည့်များဖြင့် အံ့သြစွာ ကြည့်နေကြပါသည်။ ဒါကိုကြည့်ပြီး အချို့သော တိရစ္ဆာန်က ပန်းရည်စုပ်ငှက်ကို ၀မ်းနည်းသောလေသံဖြင့် ''ဒုက္ခမခံပါနဲ့၊ မီးလောင်တာများလွန်းနေတယ်။ သင့်ရဲ့အတောင်ကို မီးလောင်သွားလိမ့်မယ်။ သေးငယ်တဲ့ သင့်ရဲ့နှုတ်သီးနဲ့ရေစက်လေးဟာ မီးကိုမငြိမ်းနိုင်ပါဘူး'' ဟုတားမြစ်ပြောဆိုလေသည်။
တိရစ္ဆာန်များသည် သူတို့မှာ မျှော်လင့်ချက်မရှိတော့ဘူးဆိုတာကို ပန်းရည်စုပ်ငှက်ကို ၀ိုင်းပြောကြပါသည်။ အခြားတိရစ္ဆာန်တစ်ကောင်ကလည်း ပန်းရည်စုပ်ငှက်ကို ''မင်းကိုယ်မင်း ဘာကောင်ထင်လို့ ဘာတွေလုပ်နေတာလဲ'' ဟု ကျယ်လောင်သော လေသံဖြင့် အော်ဟစ်၍ ပျက်ရယ်ပြုလေသည်။ ပန်းရည်စုပ်ငှက်သည် အချိန်ကိုဖြုန်းမနေတော့ပဲ ''ငါတတ်နိုင်သလောက်၊ ငါလုပ်နေပါသည်'' ဟု ပျံသန်းရာမှလှည့်ပြီး ဖြေလိုက်လေသည်။
*ရေတစ်စက်မှသည် သန်းပေါင်းများစွာသာ ရေစက်များဖြင့် မီးကိုငြိမ်းစေနိုင်ပါသည်။
*ကျွန်ုပ်တို့သည်လည်း ပန်းရည်စုပ်ငှက်လို ကျွန်ုပ်တို့လူမျိုးပေါ် တတ်နိုင်သလောက် ကျွန်ုပ်တို့လုပ်ရပါမည်။ စွမ်းဆောင်နိုင်ရပါမည်။
*ကျွန်ုပ်တို့၏ အိမ်မက်ကမ္ဘာလေးကို ဒီထက်ပိုပြီး အကောင်းဆုံးဖြစ်အောင် ဘယ်လိုတည်ဆောက်ရမည်ကို တွေးတောစေချင်ပါသည်။
*ကျွန်ပ်တို့လူမျိုး ရင်ဆိုင်နေရသော ဒုက္ခငရဲမီးကိုလည်း ဘယ်လိုငြိမ်းရမည်ကို တွေးတောစေချင်ပါသည်။
*(တောမီးလောင်၊ တောကြောင်လက်ခမောင်းခတ်) ဆိုတဲ့ အဖြစ်မျိုး မဖြစ်ရလေအောင် သေးငယ်သော ပန်းရည်စုပ်ငှက်လေးဟာ ပုံပြင်ထဲကအတိုင်း အားလုံးကို ဥပမာ ပြသွားခဲ့ပြီးမဟုတ်ပါလား။
0 comments:
Post a Comment