တာဝန်မှတာဝန်သို့
သမုဒယသဲကန္တရကြီးထဲ
ဒုက္ခကိုအဖော်ပြုပြီး
ဘ၀ကိုရုန်းကန်ရင်း
ဇရာထောင်းသောသစ်ပင်အောက်
ခဏတာဝင်ရောက်ခိုနားပြီး
အတွေးကိုနယ်ချဲ့နေခိုက်
ငှက်တစ်ကောင်၏
ရုတ်တရက်ပျံသန်းမှုကြောင့်
အိပ်မက်ကလန့်နိုး
သစ်အိုပင်ကမျိုးစေ့ခြွေ။
ဒီလိုနဲ့......
သစ်အိုပင်အောက်
ငါတို့ပေါက်ခဲ့ညောင်စေ့မှသည်
ညောင်ပင်ကိုပြန်ဝန်းရံသကဲ့သို့
တာဝန်ကိုအလေးထား
အတွေးမမှားကြစေနဲ့
မျိုးပျောက်မှာစိုးကြောက်နေလျှင်
မျိုးစေ့ကိုဆက်ခြွေ
ကိုယ့်ဘ၀ကိုကိုယ်ပြန်ကြည့်
ကိုယ့်လူမျိုးကိုစောင့်ရှောက်ကြ။
သမုဒယသဲကန္တရကြီးထဲ
ဒုက္ခကိုအဖော်ပြုပြီး
ဘ၀ကိုရုန်းကန်ရင်း
ဇရာထောင်းသောသစ်ပင်အောက်
ခဏတာဝင်ရောက်ခိုနားပြီး
အတွေးကိုနယ်ချဲ့နေခိုက်
ငှက်တစ်ကောင်၏
ရုတ်တရက်ပျံသန်းမှုကြောင့်
အိပ်မက်ကလန့်နိုး
သစ်အိုပင်ကမျိုးစေ့ခြွေ။
ဒီလိုနဲ့......
သစ်အိုပင်အောက်
ငါတို့ပေါက်ခဲ့ညောင်စေ့မှသည်
ညောင်ပင်ကိုပြန်ဝန်းရံသကဲ့သို့
တာဝန်ကိုအလေးထား
အတွေးမမှားကြစေနဲ့
မျိုးပျောက်မှာစိုးကြောက်နေလျှင်
မျိုးစေ့ကိုဆက်ခြွေ
ကိုယ့်ဘ၀ကိုကိုယ်ပြန်ကြည့်
ကိုယ့်လူမျိုးကိုစောင့်ရှောက်ကြ။
0 comments:
Post a Comment