လောကဧည့်သည်
ငါတို့ဟာ
လောကရဲ့သံသရာ
ခရီးသွားဧည့်သည်တွေပါ။
အချိန်တန်လို့
သေမင်းခေါ်ရင်
အားလုံးကိုထားခဲ့ပြီး
သွားရမှာဘဲမဟုတ်လား။
ဘာလို့
စစ်ပွဲတွေကို ဖန်တီးရတာလဲ
ဘာလို့
အာဃာတတွေကို သိုမှီးရတာလဲ။
ဘာလို့
အသိတရားတွေကို မဆေးကြောတာလဲ
ဘာလို့
နှလုံးသားတွေကို မလျှော်ဖွပ်တာလဲ။
ဘာလို့
မာနတွေကို ရှေ့တန်းတင်ရတာလဲ
ဘာလို့
အတ္တတွေကို ကိုင်စွဲရတာလဲ။
ဘာလို့
ချစ်မေတ္တာကို မစိုက်ပျိုးတာလဲ
ဘာလို့
ငြိမ်းချမ်းရေးကို မဝေငှတာလဲ။
လောကဧည့်သည်လူသားတို့
ကမ္ဘာမြေကြီးလှပဖို့ရာ
ချစ်ခြင်းမေတ္တာနဲ့ စည်းလုံးမှုတွေ
အရောင်ဆိုးကြစို့။
ငါတို့ဟာ
လောကရဲ့သံသရာ
ခရီးသွားဧည့်သည်တွေပါ။
အချိန်တန်လို့
သေမင်းခေါ်ရင်
အားလုံးကိုထားခဲ့ပြီး
သွားရမှာဘဲမဟုတ်လား။
ဘာလို့
စစ်ပွဲတွေကို ဖန်တီးရတာလဲ
ဘာလို့
အာဃာတတွေကို သိုမှီးရတာလဲ။
ဘာလို့
အသိတရားတွေကို မဆေးကြောတာလဲ
ဘာလို့
နှလုံးသားတွေကို မလျှော်ဖွပ်တာလဲ။
ဘာလို့
မာနတွေကို ရှေ့တန်းတင်ရတာလဲ
ဘာလို့
အတ္တတွေကို ကိုင်စွဲရတာလဲ။
ဘာလို့
ချစ်မေတ္တာကို မစိုက်ပျိုးတာလဲ
ဘာလို့
ငြိမ်းချမ်းရေးကို မဝေငှတာလဲ။
လောကဧည့်သည်လူသားတို့
ကမ္ဘာမြေကြီးလှပဖို့ရာ
ချစ်ခြင်းမေတ္တာနဲ့ စည်းလုံးမှုတွေ
အရောင်ဆိုးကြစို့။
0 comments:
Post a Comment