စောင့်လေမျိုးနွယ်

474167l68h9nknqq.gif

စောင့်လေမျိုးနွယ်

နှလုံးသားရေး အလေးပေးပြီး
အမျိုးစောင့်စည်းရမှန်းမသိ
အလိုလိုက်တဲ့ကိုယ့်စိတ်
ကိုယ်တစ်ယောက်တည်းသာမက
ကိုယ့်ရဲ့လူမျိုးကိုပါ အစော်ကားခံရ။

''စောင့်လေမျိုးနွယ်'' ဆိုတဲ့စကားအရ
ကိုယ့်အမျိုးနွယ်ကိုမစောင့်စည်း
ကိုယ့်ကိုတန်ဖိုးထားမဲ့
ကိုယ့်အသိုင်းအ၀ိုင်းကိုမရွေးချယ်။

ကရင်ကမွေးကရင့်သွေးမို့
အသက်ရှင်ရေးကရင်ကကျွေး
လှည့်ပတ်စီးဆင်းနေတဲ့
ခန္ဓာကိုယ်ထဲကသွေး
မျိုးချစ်သွေးမှဟုတ်ပါလေစ။

ပါးစပ်ကတော့မျိုးချစ်ကရင်
လူမျိုးကွဲနဲ့သူ့ဖူးစာရှင်
ခုတော့...........
မျက်စိသူငယ် နားသူငယ်နဲ့
ကိုယ်နဲ့စိမ်းတဲ့အသိုင်းအ၀ိုင်းကြား
မင်းဘယ်လောက်အားငယ်နေရှာပြီးလဲ။

မျိုးချစ်စိတ်ဓာတ် ရှင်သန်ကြဟု
ဘိုးဘွားမှာကြားစကားများကို
နောင်လာနောက်သား မြဲမှတ်သားကြ
မျိုးဆက်သစ်လူငယ်များသတိထား
စောင့်လေမျိုးနွယ် လက်ကိုင်ထား။

မှတ်ချက်။ ။ ကိုယ့်လူမျိုးကိုတန်ဖိုးထားပြီး မျိုးချစ်စိတ်ဓာတ်ရှင်သန်လာအောင် နောင်လာမဲ့ အနာဂတ်မျိုးဆက်သစ်ကရင်လူငယ်များ သင်ခန်းစာယူနိုင်ရန် စောင့်လေမျိုးနွယ် ကဗျာကို ရေးဖွဲ့ခံစားတင်ဆက်လိုက်ပါသည်။ ဤကဗျာသည် မည်သူ့ကိုမျှရည်ရွယ်ပြီး ရေးဖွဲ့ထားခြင်းမဟုတ်ပါ။ တိုက်ဆိုင်သူများရှိခဲ့လျှင် ကိုယ့်ကိုယ်ကိုဝေဖန်သုံးသပ်ကြည့်စေချင်။ မတူသောသွေးနှောစနစ်ဖြင့် လူမျိုးကပ်ပြားဖြစ်လိမ့်မည်။ (မြေမျိုလျှင်လူမျိုးမပျောက်နိုင်၊ လူမျိုလျှင်လူမျိုးပျောက်နိုင်သည်။)

0 comments: