ဘဝ
ဘ၀ဟူသည်....
အနိမ့်အမြင့်ရှိ၏
အတက်အဆင်းရှိ၏
အသွားအပြန်ရှိ၏
သို့ပေမဲ့....ဆင်ခြင်တတ်လျှင် ဘ၀အဓိပ္ပါယ်ရှိ၏။
ဘ၀ဟူသည်....
အဆင်းမရှိ
အနံ့မရှိ
အရသာမရှိ
သို့ပေမဲ့....ကြိုးစားလျှင် ဂုဏ်ထွန်းတောက်၏။
ဘ၀ဟူသည်....
တိုးတက်၏၊ ဆုတ်ယုတ်၏
ဖြစ်၏၊ ပျက်၏
တိုးပွား၏၊ ပျက်သုဉ်း၏
သိုပေမဲ့....နေထိုင်တတ်လျှင် ကြီးပွား၏။
ထိုအရာအာလုံးသည် လောက၏ သဘာဝနိယာမပင် ဖြစ်သည်။

0 comments:
Post a Comment