အရှေ့ပိုးကရင်တို့သည် အစဉ်အဆက်ကပင် တေး၊ ကဗျာ၊ လင်္ကာ၊ စကားထာ၊ စကားပုံများကို လေ့လာမှတ်သားကြသည်။ တေး၊ ကဗျာ၊ လင်္ကာ၊ သီချင်းများကို ကာရန်တို့ဖြင့် သီကုံးလေ့ရှိသလို စကားထာ၊ စကားပုံများကိုလည်း နဘေကာရန်တို့ဖြင့် ပြောလေ့ရှိသည်။
စကားပုံများကို ပြောဆိုရာတွင် အကြောင်းအရာကို နှိုင်းပြ၍ပြောသည်။ နက်နဲသော အဓိပ္ပာယ် ပဟေဠိဆန်ဆန်ဖြင့်လည်း သုံးနှုန်းလေ့ရှိသည်။ စကားပြောရာတွင် ပြောဆိုသော အကြောင်းအရာကိုလိုက်၍ စကားပုံဖြင့် ပမာနှိုင်းပြလေ့ရှိသည်။ နှိုင်းပြရာတွင် စကားပုံအတိုအကောက်ကိုသာဆိုပြီး တစ်ဖက်က အရှည်ဆိုလိုရင်းကို နားလည်ကြသည်။ တစ်ဒေသနှင့် တစ်ဒေသ သုံးစွဲပုံချင်း မတူညီသော်လည်း ဒေသအလိုက် အများသုံးစွဲနေကျ စကားပုံများကို ရေးသားဖော်ပြလိုက်ပါသည်။
(၁) ခႜုံးထင်းမီ့ဍိဝ်သိင်း (သစ်ပင်ကိုမှီသောညောင်)
(၂) ဍိင်းလ်ုဖႜုံးဟှိက်အ်ုသောဟ်ဏေ၀်အေး (နှမ်းတစ်စေ့ ဆီမထွက်နိုင်)
(၃) ထီ့ဍေါဟ်သၞးသီ့အေး (ရေကြီးလည်းမိကျောင်းမသေနိုင်)
(၄) ယးဏှ်ဖှေ်အင်းကယ် ဏံင်းဏှ်ဍုဂ်ဏဲးကဲအေး (ငါးတော့ပေးစားမည်။ အင်းကိုတော့မပြနိုင်ပါ။)
(၅) ဟှိင်း္ဘးအှ်ဍေဃှင့်၊ မႝီၟ္ဘးအှ်ဍေညင့် (အိမ်မှန်လျှင်လှေကားရှိရမည်၊ လူမှန်လျှင်ဥာဏ်ရှိရမည်)
(၆) လိက်လ်ုသှေ်္ဘးမေံးသး္ဘႜဟ်၊ လေ၀်လ်ုသှေ်္ဘးဟှာဖႜိုဝ် (စာမတတ်တော့မျက်ကန်း သွားမတတ်တော့လမ်းမှား)
(၇) ဟ်ုမူးဟှေဝ်အ်ုခေါဟ်ထ၀့်၊ ဟ်ုခွါ့ဟှေဝ်အ်ုသာထ၀့် (မိန်းမမြတ်ဆံရှည်၊ ယောက်ျားကောင်းစိတ်ရှည်)
(၈) ကေႜါဟ်္ဘးဆံင့်ဏးအေသ၀့်၊ ဃှေံ္ဘးယေါဝ်အ်ုဏါၟလ၀့် (ဖားစည်ကောင်းမကောင်း အသံကိုနားထောင်ရသည်။ ဓားကောင်းမကောင်း အသွားကိုကြည့်ရသည်။)
(၉) ဆ်ုနိုင့်လင်ဖါဍေတ်ုက၀်၊ ခေ၀့်ဖူ့စုဂ်အါင်းယ၀့်စွးဍ၀် (အုပ်ကွဲသောနွား ကျားဆွဲလွယ်သည်)
(၁၀) ထေါဟ်ယှးအဲလင်အ်ုမေ၀်ၟ၊ မႝီၟအဲလင်အ်ုဆိုဒ် (ဒေါင်းငှက်ကအမြီးကိုမြတ်နိုး၊ လူကအမျိုးကိုချစ်)
(၁၁) သိင်းထ၀့်လ်ုဖံင်ဍေလီ၊ လါင့်ထ၀့်လ်ုဖံင်ဍေသိင်း (သစ်ပင်မြင့်သော်လည်း လေကိုမကျော်နိုင်၊ တောင်မြင့်သော်လည်း သစ်ပင်ကိုမလွားနိုင်)
(၁၂) ဟှါင်ၟလ်ုအှ်မ်ုနူ့္ဘးသာ၊ လိက်လ်ုသှေ်မ်ုလ၀်္ဘးသာ (အားမရှိဘဲစမ်းချင်သည်၊ စာမတတ်ဘဲဟောချင်သည်။)
(၁၃) သံဃာ့္ဘးအှ်ဍေဓ၀်ၟ၊ ဆ်ုခႜါင်္ဘးလ၀်အေတ၀် (ရဟန်းတို့တရားရှိသလို၊ စကားလည်းအမှန်ပြောရမည်။)
(၁၄) သုဂ်ကျာဏှ်အှ်အေတ၀်၊ ခေါဟ်လံင်ဍောဟ်ထီ့ထင်းကဲလ၀့် (သစ္စာတည်လျှင် မြင့်မားနေသောတောင်ပင်ရေထွက်နိုင်)
(၁၅) ခႜီ႔ေထံဖါအု္ဃွဦဳအး၊ မႝီၟေထံဖါ႓းလင္ယွး (ေလွကြဲအဖိုးမ်ား၊ လူကွဲတော့ကွေကွင်းရ)
(၁၆) ဆင့်ဖေါဟ်အင်းဆင့်ဖေါဟ်ဝီ့၊ ဆင့်မေါဝ်ၟအင်းဆင့်မေါဝ်ၟ၀ီ့ (ကြက်ကလေးစားကြက်ကလေးယက်၊ ကြက်မစားကြက်မယက်)
(၁၇) ယးလီးအးအ်ုဖိုင်စူ (ငါးရံခေါင်းတိုများတော့ တွင်းတိမ်တတ်သည်။)
ရှေ့ဆက်ဖော်ပြပါအုံးမည်
0 comments:
Post a Comment