အမျိုးသား

474167l68h9nknqq.gif
အမျိုးသားဟူသည်မှာ မပျောက်မပျက်အောင် လူမျိုးနွယ်စုတစ်စုကိုဆိုလိုပြီး လူမျိုးနွယ်စုဆိုသည်မှာ ကမ္ဘာပေါ်ရှိလူသားထုကြီး၏ တစ်စိတ်တစ်ဒေသကို ဆိုလိုခြင်းဖြစ်ပါသည်။

''လူမှာအမျိုး ကြက်မှာအရိုး'' ဟူသောစကားအတိုင်း လူမျိုးတိုင်း လူမျိုးတိုင်းသည် မိမိအမျိုး၏စရိုက်လက္ခဏာ ယဉ်ကျေးမှုအစဉ်အလာ ဘာသာစကား စာပေ မျိုးရိုးဗီဇတို့ကို မပျောက်ပျက်အောင် စောင့်ရှောက်ထိန်းသိမ်းကြရပေမည်။ ဘုရားသည်ပင်လျှင် မိမိသက်ရောက်ရာမျိုးနွယ်ကို တရားသဖြင့် စွမ်းနိုင်သမျှ စောင့်ရှောက်ကြသည်။ လူသားမျိုးနွယ်စုထဲမှဖြစ်လာသော လူသားဘုရားတို့လည်း အမျိုးသားရေးဆောင်ရွက်ကြသည်။ အဘယ်ကြောင့်ဆိုသော် လူဖြစ်လာလျှင် မိမိဖြစ်ပေါ်ရာမျိုးနွယ်ကို စောင့်ရှောက်ရန်မှာ မွေးရာပါတာဝန်ဖြစ်သည်။

အမျိုးသားရေးကိစ္စကို ဆောင်ရွက်ရာတွင် လူသားဟူသောအသိကို နှလုံးသားထဲတွင်ထည့်ထားရပေမည်။ သို့မှသာ တရားရှိသောအမျိုးသားဖြစ်ပေလိမ့်မည်။ မတရားသဖြင့် လူသားအချင်းချင်း ရှုတ်ချပုတ်ခခြင်းအားဖြင့် အမျိုးသားရေးလုပ်လျှင် ထိုလူမျိုးသည် မတရားသောလူမျိုးပင် ဖြစ်ပေလိမ့်မည်။ တစ်ရွာသားနှင့်တစ်ရွာသား မတည့်သော်လည်း တစ်နိုင်ငံသားတည်း ဖြစ်သကဲ့သို့ တစ်မျိုးနွယ်နှင့်တစ်မျိုးနွယ် မတူသော်လည်း တစ်ကမ္ဘာတည်းနေ လူအတူတူချင်းပင်ဖြစ်သည်။ ထို့ကြောင့် အမျိုးသားရေးဆောင်ရွက်လျှင် လူသားအရေးကို ဦးထိပ်ထားဆောင်ရွက်ကြရပေမည်။

သိပ္ပံပညာ တိုးတက်သောခေတ်ကြီးတွင် ပလပ်စတစ်ဆာဂျေး(Plastic Surgery) ဖြင့် ပုံစံအမျိုးမျိုးပြုလုပ်နိုင်ပြီး အဓိကမှာ သွေးနှင့်စိတ်ဓာတ်သာဖြစ်သည်။ သွေးဆိုသည်မှာလည်း စိတ်ဓာတ်ကိုသာ ဆိုလိုခြင်းဖြစ်သည်။ လူမျိုးတစ်မျိုး၏သွေးဆိုသည်မှာ ခန္ဓာကိုယ်တွင်းလှည့်ပတ်စီးဆင်းနေသော အနီရောင်အဆင်းရှိသည့်အရာကို ခေါ်ခြင်းမဟုတ်ပါ။ သွေးဆိုသည်မှာ လူမျိုးအပေါ် ချစ်ခင်မြတ်နိုးခြင်း လေးစားခြင်း စိတ်ဝင်စားခြင်း လူမျိုး၏ဂုဏ်သိက္ခာကိုထိန်းသိမ်းခြင်း ဓလေ့ရိုးရာအစဉ်အလာ ထိန်းသိမ်းစောင့်ရှောက်ခြင်းကို ခေါ်ဆိုပါသည်။ ခန္ဓာကိုယ်တွင်း လှည့်ပတ်စီးဆင်းနေသောသွေးများကို ကရင်သွေး၊ အင်္ဂလိပ်သွေး၊ ကုလားသွေးဟုမရှိဘဲ အေ၊ ဘီ၊ အို စသောသွေးသာရှိသည်။ ကရင်လူမျိုးသာဖြစ်ပြီး ကရင်စိတ်ဓာတ်မရှိလျှင်လည်း အမျိုးပျောက်နိုင်ပါသည်။

''ချောင်းရိုး၊ မြောင်းရိုးသာ တိမ်ကောတယ်။ လူမျိုးမတိမ်ကောဘူး'' ဆိုသောစကား ရှိခဲ့ပါသည်။ လူမျိုးဆိုသည်မှာ စည်းလုံးမှုအဓိပ္ပာယ်ကို ဖော်ဆောင်သကဲ့သို့ မိမိလူမျိုးကို မိမိချစ်မြတ်နိုးပါဟု ရေးသားတင်ပြလိုက်ပါသည်။

0 comments: