ချစ်ခြင်းနှင့်အတူ

474167l68h9nknqq.gif
ချစ်ခြင်းနှင့်အတူ

မင်းရင်ထဲက အချစ်ကို
မကြည့်လည်းပဲ မြင်ရတယ်
မဖြစ်နိုင်တဲ့ ငါတို့နှစ်ဦးရဲ့ ချစ်ခြင်းမှာ
မတူညီတဲ့ အရာတွေခြားနားခဲ့ပေါ့
ကြေကွဲခြင်းက ငါ့အတွက်လား…။
မဆုံခဲ့ရင် အကောင်းသားလို့
ခုမှတွေးကြည့် နောင်တရလည်း
လိမ်ညာလို့မရတဲ့ ချစ်ခြင်းမှာ
ငါတို့နှစ်ဦး ရုန်းမထွက်နိုင်ပါဘူး…။
ကြင်နာမှုရဲ့အစက မင်းရဲ့အသံ
အငိုက်မိတဲ့ နှလုံးသားက
ချိုမြိန်တဲ့သစ်သီးလား ချစ်သူ…..။
အပြန်အလှန်နားလည်မှုဆိုတာ
ကတိတွေပေးရုံနဲ့
ပျောက်ပျက်သွားဖို့မဟုတ်မှန်း
မင်းမေ့နေပြီလား ချစ်သူ…။
အဝေးကနေကြည့်နေရမဲ့ ငါ
မင်းရဲ့ တန်ပြန်မှုဆိုတာ
မျှော်လင့်လို့မရတဲ့ အရာပါ…။
ကြေကွဲမှုရဲ့ အဆုံးသတ်က
နှလုံးသားချွေမယ့်နေ့ဆို…..
ချစ်ခြင်းနှင့်အတူ အလွမ်းရောယှက်
ငါကျေနပ်ပါတယ်…..။

0 comments: