မျိုးချစ်ရှင်သို့

474167l68h9nknqq.gif
မျိုးချစ်ရှင်သို့

ဆောင်းနှင်းမြူကျ သမယ၌
မြူးကြွသွက်လက် ကကြိုးကွက်နှင့်
ခြေလက်ခေါင်းခါး ညီညွတ်အားနှင့်
ဖော်များတသင်း ကခုန်ရင်းပျော်
ပျိုမေအလှ ဒုံးယိမ်းကနှင့်
လှပတင့်တယ် နေသည်ကွယ်။

အေးရိပ်စိုစို နှင်းအပြို၌
ပျိုမေနှမ သူ့အလှသည်
ဖြူစင်သောနှင်း လှပခြင်းနှင့်
ဝင်းလဲ့တောက်တွန်း တက်နေ၀န်းရံ
နီရောင်ခြံ၍ ကိုယ်တွေ့ခိုက်တွင်
ပါးပြင်မို့လျှမ်း ပန်းရောင်သမ်းသွား
ရှက်အားကပို နှမပျို။

ဝေစည်အပြုံး ဆံထုံးသီကျော့
သင်တိုင်းနော့ဖြူ ဂုဏ်ယူဖွယ်ရာ
စာပေအရေး သင်ကြားပို့ချ
စိတ်ရှိအားမာန် လင်းရောင်ပြန်လျက်
မျက်ဝန်းထက်တွင် မျိုးချစ်ရှင်သို့
ဂုဏ်အင်ပီသ ပျိုနှမကို
အသည်းထဲတွင် နှစ်ခြိုက်မိ။

ကရင်ပီသ ချစ်နှမကို
ရင်မှပေါက်ဖွား ချစ်စကားတွေ
ပြောကြားစဉ်တုံး ရင်မှာတုန်လှုပ်
ဒုံးကမြူးကြွ တီးခတ်သလို
မျက်ဝန်းစို၌ ရှက်အားကပို
ကိုယ်တွေ့လိုက်သည် ရွှေရင်ဖိုပြီ
ကရင့်ချစ်ခြင်း လက်ခံခြင်း။

0 comments: