တို့အင်အား


တို့အင်အား

ပညာရှာချိန် ပျင်းရိနေလျှင်
ပညာအင်အား နည်းလိမ့်မည်။

ပညာအင်အား နည်းသွားလျှင်
အသိအင်အား နည်းလိမ့်မည်။

အသိအင်အား နည်းသွားလျှင်
လေးစားအင်အား နည်းလိမ့်မည်။

လေးစားအင်အား နည်းသွားလျှင်
စည်းလုံးအင်အား နည်းလိမ့်မည်။

စည်းလုံးအင်အား နည်းသွားလျှင်
လူမျိုးအင်အား နည်းလိမ့်မည်။

လူမျိုးအင်အား နည်းသွားလျှင်
တိုးတက်အင်အား နည်းလိမ့်မည်။

တိုးတက်အင်အား နည်းသွားလျှင်
လူမျိုးအားလုံး ဆင်းရဲဒုက္ခရောက်လိမ့်မည်။

ဒါကြောင့်.......
သည်းခံကြိုးစား တို့အင်အား
အားထုတ်ကြိုးစား တို့အင်အား
စည်းလုံးကြိုးစား တို့အင်အား
တို့အင်အားသည် ကရင်လူမျိုးရဲ့အင်အား ဖြစ်ပါသည်။

0 comments: