ကရင်အမျိုးသားအလံတော်
တိုင်တော်ထက်က အမျိုးသားအလံ
လေမှာလွင့်လို့ ၀င့်ကြွားဟန်၊
လေးနက်ကာယုံကြည်မူ့
ကရင်လူထုကိုယ်စားပြု။
''အနီ''ရောင်ကရဲရင့်ကာ
တည်ကြည်မှုအတွက် ဖော်ညွန်း"အပြာ"၊
ဖြူစင်ကာစိတ်ထားလှ
"အဖြူ" ရောင်ဖြင့်ပေါင်းစပ်ပြ။
တက်သစ်စနေ၀န်းပမာ
နိုးကြားမှုဖြင့်ကြိုးစားကာ၊
ရောင်စဉ်ဖြာကိုးသွယ်က
ဆင်းသက်လာကြကိုးဒေသ။
ယဉ်ကျေးမှုနှင့်ကျက်သရ
ဖားစည်လေးကဖော်ညွန်းနေ၊
ညီညွှတ်ခြင်းဖြင့် ထာရ
ဝေဟင်ထက်မှာလွင့်လို့လှ။
0 comments:
Post a Comment