
အိမ်ဝေးငှက်များ.
ငါတို့ဟာ
လာရာအရပ်တူခဲ့သလို
လားရာမှလည်း တူရမယ်
ရည်မှန်းသလောက်မရလည်း
ရည်ရွယ်ချက်တွေ မပျောက်ခဲ့ဘူး။
ငါတို့ဟာ
အကင်းမသေသေးတဲ့
အတွင်းကြေဒဏ်ရာဟောင်းတွေကို
နာကျင်ပေမဲ့မနာကျင်သလို ခံစားတယ်။
ငါတို့ဟာ
ဘယ်လောက်ပျံသန်းပျံသန်း
တောင်ပံတွေမညောင်းအောင်
ငါတို့ရဲ့နောက်မှာ
အားဖြည့်ပေးသူတွေအပြည့်နဲ့။
တချို့ကအိမ်သူသက်ထားရဲ့ကြင်နာမူအသံနဲ့
တချို့ကငှက်ငယ်လေးတွေရဲ့
အစာတောင်းခံမူသံအတွက်
တချို့ကမျိုးဆက်သစ် ငှက်ငယ်လေးတွေရဲ့
အမြင့်ပျံသန်းနိုင်ဖို့အတွက်
တချို့ကအသိုက်အမြုံလေးတွေပြုပြင်ဖို့အတွက်
တချို့ကကြင်ဖော်နဲ့ ချစ်ခြင်းတွေ ဖလှယ်ဖို့အတွက်။
သေချာတာကတော့
လောကဓံလေနီကြမ်း
ဘယ်လောက်ဘဲသရမ်းပါစေ
ငါတို့ဟာ.....
အိမ်နဲ့နီးသ(သည်) ထက်နီးဖို့အတွက်
ပျံသန်းပြီးရင် ပျံသန်းနေရဦးမှာပဲ။
ငါတို့ဟာ
လာရာအရပ်တူခဲ့သလို
လားရာမှလည်း တူရမယ်
ရည်မှန်းသလောက်မရလည်း
ရည်ရွယ်ချက်တွေ မပျောက်ခဲ့ဘူး။
ငါတို့ဟာ
အကင်းမသေသေးတဲ့
အတွင်းကြေဒဏ်ရာဟောင်းတွေကို
နာကျင်ပေမဲ့မနာကျင်သလို ခံစားတယ်။
ငါတို့ဟာ
ဘယ်လောက်ပျံသန်းပျံသန်း
တောင်ပံတွေမညောင်းအောင်
ငါတို့ရဲ့နောက်မှာ
အားဖြည့်ပေးသူတွေအပြည့်နဲ့။
တချို့ကအိမ်သူသက်ထားရဲ့ကြင်နာမူအသံနဲ့
တချို့ကငှက်ငယ်လေးတွေရဲ့
အစာတောင်းခံမူသံအတွက်
တချို့ကမျိုးဆက်သစ် ငှက်ငယ်လေးတွေရဲ့
အမြင့်ပျံသန်းနိုင်ဖို့အတွက်
တချို့ကအသိုက်အမြုံလေးတွေပြုပြင်ဖို့အတွက်
တချို့ကကြင်ဖော်နဲ့ ချစ်ခြင်းတွေ ဖလှယ်ဖို့အတွက်။
သေချာတာကတော့
လောကဓံလေနီကြမ်း
ဘယ်လောက်ဘဲသရမ်းပါစေ
ငါတို့ဟာ.....
အိမ်နဲ့နီးသ(သည်) ထက်နီးဖို့အတွက်
ပျံသန်းပြီးရင် ပျံသန်းနေရဦးမှာပဲ။
0 comments:
Post a Comment