မင်းဟာကိုယ့်အတွက်အလွမ်း

474167l68h9nknqq.gif
မင်းဟာကိုယ့်အတွက် အလွမ်း

မင်းဟာကိုယ့်အတွက်
နှလုံးသားထဲလျှို့ဝှက်
အချက်ပေးခေါင်းလောင်းတခုလို
အလွမ်းတွေကို လှုပ်နိုးးပေးတတ်သူ …

မင်းဟာကိုယ့်အတွက်
အာရုဏ်ဦး မြူနှင်းလေးတွေလို
မှုံပြာရည်ဝေအလွမ်းတွေနဲ့
ရင်ခွင်ကိုခြုံလွမ်းပေးတတ်သူ …

မင်းဟာကိုယ့်အတွက်
မနက်ခင်းမိုးစက်ကလေးတွေလို
ကိုယ့်ရင်တွင်းတစက်ခြင်းတစက်ခြင်းစီးဆင်းနေတဲ့
အလွမ်းသံစဉ်လေးတွေတီးခတ်ပေးတတ်သူ …

မင်းဟာကိုယ့်အတွက်
အမြဲတမ်းပွင့်နေတဲ့
ရနံ့သင်းသင်းပန်းခင်းလေးတွေလို
အလွမ်းလေးတွေဖူးပွင့်ပေးတတ်သူ …

မင်းဟာကိုယ့်အတွက်
ရွှေအိုရောင်ဆည်းဆာရဲ့
သူရောင်မယ်အပြုံးတွေလို
အလွမ်းဆုတွေဖန်တီးပေးတတ်သူ …

မင်းဟာကိုယ့်အတွက်
အလွမ်းတွေနဲ့သော့ခတ်ပေးတတ်သူ …
(ကျော်စွာလင်း-ရိုးမ)

ကိုကျော်စွာ(ကိုးရီးယား)ရေ ကဗျာပို့ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်တယ်နော်။

0 comments: