ဖိုးမူ (ဖေါဟ်မူး)

474167l68h9nknqq.gif
ဖိုးမူ (ဖေါဟ်မူး)

ဒေါနတောင်ရိုး
ကျီးမနိုးမီ
စူးထိုးနှင်းစို
အလင်းကြို
မီးဖိုပါဦးဖိုးမူရေ။

မျိုးဆက်ရင်သွေး
ဘ၀မွှေးတို့
ကရင့်တဲအို
ရာဇ၀င်ချိုဖို့
တာလပေါ့ဟင်းအိုး
မီးထိုးပါဦး မိုးမူရေ။

အိမ်မက်တွန့်ခေါက်
မွှေနောက်ရမ္မက်
စနက်လောဘ
ဒေါသမောဟမိုးမှောင်ကြ
ကြေမွခဲ့တဲ့ညအသင်္ချေ
သံဝေဂပါဖိုးမူရေ။

မိဘဘိုးဘွားမှာစကား
''နိုးနိုးကြားကြားအိပ်၊
ကြိုးကြိုးစားလုပ၊်
ရိုးရိုးသားသားကျင့်၊
ပွင့်ပွင့်လင်းလင်းပြော၊
ချင့်ချင့်ချိန်ချိန်တွေး၊
မြင့်မြင့်တည်တည်ကြံ၊
ချစ်ချစ်ကြည်ကြည်နေ''
မျှဝေတဲ့ဓလေ့ထုံး
ဖိုးမူစားသုံးနိုင်ပါစေ။

0 comments: