ဝေးလွင့်လိပ်ပြာ
အချိုမြိန်ဆုံး ဝတ်ရည်တွေနဲ့
အဆိပ်မသင့်ခင်အချိန်လေးမှာ
နှလုံးသားတစ်ခုလုံး ကြွေကျသွားတဲ့
ပွင့်ချပ်ပေါ်က လိပ်ပြာ …။
ကျန်နေတဲ့ ဒဏ်ရာတချို့ကို
နွမ်းလျနေတဲ့သူ့ရဲ့ အတောင်တစ်စုံပေါ်တင်ပြီး
မပြီးဆုံးသေးတဲ့ ခရီးဝေးကို နှင်နေတဲ့သူပါ…။
အဖေါ်မပါ လေနှင်ရာ လွင့်နေရဆဲမို့
အဝေးစီက ကြေကွဲသံတချို့ကို
ကြင်နာသူ သူ့အနား
တွန်းပို့လို့ပေးပါ လေညှင်းလေးရယ်....။
ကျော်စွာလင်း(ရိုးမ)
ကဗျာပို့ပေးတဲ့ ကိုကျော်စွာလင်း(ကိုးရီးယား) ကို ကျေးဇူးအများကြီးတင်ပါတယ်။
0 comments:
Post a Comment