ချစ်သူ

474167l68h9nknqq.gif
ချစ်သူ

ချစ်သူရယ်
သိပ်ချစ်လွန်းလို့
တန်ဖိုးထားလွန်းတော့လည်း
စိတ်ဆင်းရဲရပါတယ်........။

ယောက်ျားမပီသ
ညာရက်လေခြင်းဆိုတဲ့
အသိတရားက
ဒို့ရဲ့နှလုံးသားကို
တမြေ့မြေ့လှိုက်စားစေခဲ့ပါပြီ....။

"အချစ်" လိပ်ပြာကလေးတွေ
လန့်ဖျပ်ပြေးသွားတော့
"အမုန်း" ဆိုတဲ့အဆိပ်ပိုးမွားကလေးတွေက
ဒို့ရဲ့သိပ်ပြီး ဖြူစင်သန့်ရှင်းခဲ့တဲ့
မေတ္တာပန်းခင်းကလေးကို
ကိုက်ခဲဝါးမျိုနေကြပြီကွယ်......။

ပေါင်းသင်လို့လဲမရ
ရေလောင်းလို့လဲ
ပြန်ကောင်းမလာနိုင်တော့မဲ့
ပန်းခင်းကလေးထဲမှာ
ပွင့်ဖတ်ကြွေကလေးတွေနဲ့
ဒို့တစ်ယောက်တည်းရယ်ပါ.....။

"ချစ်တယ်" ဆိုတဲ့စကားတွေဟာ
လျှာဖျားကပဲ ဒို့ကိုပြောခဲ့တာလားကွယ်
ရင်ထဲအသည်းထဲက
တစ်ကယ်လာခဲ့တာဆိုရင်
ဘယ်သူ့ကိုဘယ်လိုညာညာ
အချစ်ဆုံးလူကိုမညာသင့်ပါဘူး............။

0 comments: