ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်
ဟိုရှေ့က ဆူဆူညံ
ဘာသံလဲမေး
ချည်ဖြူဖွဲ့ တို့ရိုးရာ
ပျော်နွှဲသံတေး။
စည်းလုံးညီညာ အောင်ကြောင်းဖြာ
ဘယ်ဟာလဲတွေး
လိပ်ပြာခေါ် ချည်ဖြူဖွဲ့
ရိုးရာကွဲ့လေး။
ငှက်ပျော၊ ရေ၊ ထမင်း
ကြံ၊ ကောက်ညှင်း၊ ပန်း၊ ချည်ဖြူ
တွဲလက်တူ ချည်နှောင်ဖွဲ့
ရှေ့ဆက်ခိုင်မူ။
မိမြေမြန်ပြည်သူ
နောင်ညီတူသွေးသား
ခွဲမခြား သွေးစည်းကာပ
တို့ပြည်သာ ဘယဝေးစေကြောင်း
ဆုချွေကာ ရိုးရာပွဲမှာ
မင်္ဂလာခညောင်း။
(မှတ်ချက်။ ။ရှေးလူကြီးများ ၀ါဂွမ်း၊ ပိုး..စသည်တို့မှ ဗိုင်းငင်၍ ရလာသော ၀ါဂွမ်းချည်မျှင်၊ ပိုးချည်မျှင်များကို အသုံးပြုပြီး လက်မှာရစ်ပတ်ချည်နှောင်ခြင်းဖြင့် ၀ါခေါင်လသို့ရောက်တိုင်း ကျွန်ုပ်တို့ကရင်လူမျိုးများအားလုံး ရောက်လေရာနေရာတိုင်းမှာ ဘိုးဘွားတို့ထားခဲ့သော ချည်ဖြူဖွဲ့ရိုးရာအမွေအနှစ်ကို အစဉ်အလာမပျက် ထိန်းသိမ်းဖော်ထုတ်ရပါမည်။)
0 comments:
Post a Comment