လူဆိုသည်မှာ ဦးနှောက်နှင့် နှလုံးသား ပေါင်းစပ်ထာေးသာ သတ္တ၀ါဖြစ်သည်။
ဦးနှောက်
ဦးနှောက်ဆိုသည်မှာ စဉ်းစားဝေဖန်သူ၊ ဆင်ခြင်မှုကို အားပြုသူ၊ လက်တွေ့သမား။ လက်တွေ့ကျကျစဉ်းစား၊ သိပ္ပံနည်းကျမကျ ယုတ္တိရှိမရှိဆိုတာ သတိထား၊ မျက်လှည့်ကိုအမှန်မထင်နဲ့၊ ကဗျာလင်္ကာနဲ့ အနုပညာမာယာတွေကြောင့် ယောင်မှားတွေဝေခြင်း မဖြစ်စေနဲ့၊ နှင်းဆီပန်းရဲ့အလှ တေးဂီတရဲ့ရသ ဆိုတာတွေဟာ မစွဲလမ်းမတမ်းတနဲ့၊ ဤသည်ကား ဦးနှောက်၏ ဆင်ခြင်မှု ပဓာန၀ါဒ။
နှလုံးသား
နှလုံးသားဆိုသည်မှာ ခံစားသူ၊ တိမ်းညွှတ်လွယ်သူ၊ စိတ်ကူးယဉ်သမား။ နှလုံးသားခံစားချက်ဖြင့်သာ လောကသည် အဓိပ္ပာယ်ရှိရသည်။ နှလုံးသားကို ချုပ်ချယ်ခြင်းသည် လောကကိုခြယ်လှယ်ခြင်းဖြစ်သည်။ မလွတ်လပ်သော နှလုံးသားဖြင့် ရင့်ကျက်ပြည့်ဝသော လူ့ဘ၀ကိုမရနိုင်။ ငါသည် လောကကိုခံစားမည်။ ရေမြေတောတောင်ကို ခံစားမည်။ အနုပညာရသ၌ ယစ်မူးမည်။ လွမ်းလျှင်ငိုမည်။ ပျော်လျှင် ဟားတိုက်ရယ်မောမည်။ အရာအားလုံး ငါ့သဘောဆန္ဒအတိုင်းသာ ဖြစ်ရမည်။ ဤသည်ကား နှလုံးသား၏ ခံစားမှု ပဓာန၀ါဒ။
ဦးနှောက်ရော နှလုံးသားမှာပါ ခွန်အားတွေရှိသကဲ့သို အားနည်းချက်တွေ ရှိနေသည်။ ဦးနှောက်တစ်ခုတည်းဖြင့် လူမဖြစ်သကဲ့သို့ နှလုံးသားတစ်ခုတည်းနှင့်လည်း လောကမှာမရပ်တည်နိုင် ဦးနှောက်နှင့် နှလုံးသား၊ ဆင်ခြင်မှုနှင့် ခံစားမှု၊ လက်တွေ့နှင့် စိတ်ကူးတို့ ညီညွတ်စွာ ပူးတွဲပေါင်းစပ်နိုင်မှသာ လောကတွင်အရာဝင်သော အောင်မြင်သော လူတစ်ယောက် ဖြစ်လာနိုင်ပါသည်။
0 comments:
Post a Comment