ငါ့ကိုထုဆစ်လိုက်သောငါ
ငါ၏ခြေအစုံနှင့် ဖောက်ထွင်ခဲ့သောလမ်းသစ်
ငါ၏လက်ရုံးနှင့် တည်ဆောက်ခဲ့သောပြတိုက်
ငါ၏လက်ညှိုးနှင့် ညွန်ပြခဲ့သောပန်းတိုင်
ငါ၏ပခုံးနှင့် ထမ်းပိုးခဲ့သောခေါင်တိုင်
ငါ၏ဦးခေါင်းနှင့် မြှင့်တင်ခဲ့သောပြဿဒ်။
ကမ္ဘာကြီးကို မျက်နှာလုပ်ဖို့ရလောက်တဲ့
ငါ့စွမ်းဆောင်ချက်တစ်စုံတစ်ရာ
ရှိခဲ့ပါ၏လော။
ငါကျင့်သုံးသော လူဝါဒ
ငါစောင့်စည်းသော လောကဓမ္မ
ငါလက်ခံထားသော လောကသစ္စာ
ငါမွေးမြူထားသော သတ္တိသားကောင်
ငါရွက်ဆောင်နေသော ဘ၀တာဝန်။
ကမ္ဘာမြေပျော်ရွှင်ဖို့အတွက်
အဆိပ်တစ်ခွက်လား
နတ်ဆေးတစ်စက်လား
လျှပ်စီးတန်းတစ်ချက်လား
လမိုက်ညတစ်ညလား။
ငါ့သမိုင်း
ငါ့ရာဇ၀င်
ကမ္ဘာမတွင်ခဲ့ဘူးဆိုရင်သော်မှၟ ၟ ၟ ၟ ၟ။
ငါ၏ခြေအစုံနှင့် ဖောက်ထွင်ခဲ့သောလမ်းသစ်
ငါ၏လက်ရုံးနှင့် တည်ဆောက်ခဲ့သောပြတိုက်
ငါ၏လက်ညှိုးနှင့် ညွန်ပြခဲ့သောပန်းတိုင်
ငါ၏ပခုံးနှင့် ထမ်းပိုးခဲ့သောခေါင်တိုင်
ငါ၏ဦးခေါင်းနှင့် မြှင့်တင်ခဲ့သောပြဿဒ်။
ကမ္ဘာကြီးကို မျက်နှာလုပ်ဖို့ရလောက်တဲ့
ငါ့စွမ်းဆောင်ချက်တစ်စုံတစ်ရာ
ရှိခဲ့ပါ၏လော။
ငါကျင့်သုံးသော လူဝါဒ
ငါစောင့်စည်းသော လောကဓမ္မ
ငါလက်ခံထားသော လောကသစ္စာ
ငါမွေးမြူထားသော သတ္တိသားကောင်
ငါရွက်ဆောင်နေသော ဘ၀တာဝန်။
ကမ္ဘာမြေပျော်ရွှင်ဖို့အတွက်
အဆိပ်တစ်ခွက်လား
နတ်ဆေးတစ်စက်လား
လျှပ်စီးတန်းတစ်ချက်လား
လမိုက်ညတစ်ညလား။
ငါ့သမိုင်း
ငါ့ရာဇ၀င်
ကမ္ဘာမတွင်ခဲ့ဘူးဆိုရင်သော်မှၟ ၟ ၟ ၟ ၟ။
0 comments:
Post a Comment