ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်

474167l68h9nknqq.gif









ဓါတ်ပုံ -Saw Jeff (ကိုဖိုးချူ)

ဟိုရှေ့က ဆူဆူညံ

ဘာသံလဲမေး
ချည်ဖြူဖွဲ့ တို့ရိုးရာ
ပျော်နွှဲသံတေး။

စည်းလုံးညီညာ အောင်ကြောင်းဖြာ
ဘယ်ဟာလဲတွေး
လိပ်ပြာခေါ် ချည်ဖြူဖွဲ့
ရိုးရာကွဲ့လေး။

ငှက်ပျော၊ ရေ၊ ထမင်း
ကြံ၊ ကောက်ညှင်း၊ ပန်း၊ ချည်ဖြူ
တွဲလက်တူ ချည်နှောင်ဖွဲ့
ရှေ့ဆက်ခိုင်မူ။

မိမြေမြန်ပြည်သူ
နောင်ညီတူသွေးသား
ခွဲမခြား သွေးစည်းကာပ
တို့ပြည်သာ ဘရဝေးစေကြောင်း
ဆုချွေကာ ရိုးရာပွဲမှာ
မင်္ဂလာခညောင်း။

0 comments: